၁။  Log in ဝင်ထားသော်လည်း ဘာသာရပ်တွေကို ဝင်ဖြေလို့မရတာ ဘာကြောင့်လဲ။

📌 Log in guest အနေနဲ့ မှားဝင်ထားလို့ပါ။

📌 မိမိ၏ ID နှင့် Password ရိုက်ထည့်ပြီး “Log in” ကိုသာ နှိပ်ပါ။

 

၂။    Start Attempt နှိပ်မရဘဲ Camera မပွင့်တဲ့ပြဿနာဘာကြောင့်လဲ။

အဖြေ (၁) 

📌 Browser Setting မှာ camera ကိုပိတ်ထားမိလို့ ဖြစ်တာပါ။ Camera allow လုပ်ဖို့ လိုနေတာဖြစ်ပါတယ် Setting ထဲဝင်ပြီး camera ကို ဖွင့်တတ်ရင်ဖွင့်ပါ။ သို့မဟုတ် ယခု Link မှ Video ကိုကြည့်၍ Camera allow လုပ်ပေးနိုင်ပါတယ်။ YouTube (

) how to fix close any bubbles or overlays from other apps chrome.

အဖြေ (၂)

📌 တခြား browser (Google, Chrome, Firefox, Brave etc.) ပြောင်းသုံးကြည့်ပါ။

အဖြေ (၃)

📌 အခုသုံးနေတဲ့ browser ကိုပဲ Uninstall လုပ်ပြီး Install ပြန်လုပ်ကြည့်ပါ။

အဖြေ (၄)

📌 VPN ပြောင်းသုံးကြည့်ပါ။

 

၃။  ဖြေရမဲ့ မေးခွန်းတွေကို ဘယ်မှာကြည့်လို့ ရနိုင်မလဲ။

📌 Menu Bar က My Course ရဲ့အောက်မှာ ကြည့်လို့ရပါတယ်။

 

၄။  Menu တွင် ဘာသာရပ်အားလုံးမပေါ်ရင် ဘယ်လိုလုပ်ရမလဲ။

📌 အများအားဖြင့် Connection ကြောင့် ဖြစ်တတ်ပါတယ်။ အရင်ဆုံး Internet Connection ကောင်းရဲ့လား ပြန်စစ်ပါ။

📌 ဖုန်းကို Airplane တင်တာ၊ restart ချတာ လုပ်ပြီး ပြန်ဝင်ကြည့်ပါ။

📌 My courses မှာ show ရှိ 12 အစား all ကို နှိပ်ပါ။

📌 ALL ရှိ Remove from view မှာ Eng course ကို တွေ့ပါလိမ့်မယ် အစက်(၃)စက်ကို နှိပ်ပြီး Restore to view ကို နှိပ်ပါ။


 

၅။    Sample Test မဖြေဘဲ Official Test ဖြေလို့ရလား။

📌 Official Test ကို အရင်ဖြေမိလို့ အမှတ်မပေးတာမျိုး မရှိပေမဲ့ အမှားနည်းစေရန်နှင့် မေးခွန်းပုံစံကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန် တတ်နိုင်သမျှ Sample Test ကို လေ့ကျင့် ဖြေဆိုပြီးမှသာ Official Test ကို ဖြေဆိုသင့်ပါတယ်။

 

၆။    ဖြေနေရင်း အင်တာနက်ပြတ်သွားရင် ဘယ်လိုလုပ်ရမလဲ။

📌 အင်တာနက်ကို (၁၅) မိနစ်အတွင်းပြန်ချိတ်လို့ရပါက ချက်ချင်း အင်တာနက် ချိတ်ပြီး မိမိဖြေလက်စ မေးခွန်းကနေ ဆက်ဖြေပါ။

📌 (၁၅) မိနစ်ထက် ကျော်လွန်ပြီး ဖြေဆိုရန်မေးခွန်းများစွာ ကျန်သေးပါက ဒုတိယအကြိမ် (2nd Attempt) ကို ဖြေဆိုနိုင်ပါသည်။

 

၇။  Connection ကြောင့် Camera ပိတ်သွားပြီး Next Page လည်း နှိပ်မရတာမျိုးဆို ဘယ်လိုလုပ်ရမလဲ။

📌 Moodle က ထွက်ပြီး ပြန်ဝင်ကြည့်ပါ။ အချိန်တိုအတွင်းဝင်လို့ ရတယ်ဆို ဖြေလက်စ မေးခွန်းဆက်လက်ဖြေဆိုပါ။

📌 ပြန်ဝင်၍ မရပါက သက်ဆိုင်ရာကို ဆက်သွယ်မေးမြန်းပါ။ (enquiry@be.moeedu.org / beca.info@be.moeedu.org)

 

၈။ Face not found လို့ပြနေတာဘာကြောင့်လဲ။

📌 မျက်နှာကို ကြည်လင်ပြတ်သားစွာထားပြီး အလင်းအမှောင်ချိန်ညှိပါ။

📌ဖုန်းနဲ့ဖြေတဲ့အခါမှာ စစချင်း camera access တောင်းတဲ့အချိန်မှာ camera မှာ မျက်နှာပေါ်အောင် တစ်ခါတည်းချိန်ထားပါ။ အတတ်နိုင်ဆုံး camera မှာ မျက်နှာ ပေါ်နိုင်သည့် အနေအထားကို ချိန်၍ ဖြေဆိုပါ။ ဖုန်းကိုခုံပေါ်တင်၍ ဖြေဆိုခြင်း မျက်နှာအောက်သို့ ဖုန်းကိုချ၍ ဖြေဆိုခြင်းများမပြုလုပ်သင့်ပါ။

 

၉။ Undefined လို့ပေါ်နေတာ ဘာကြောင့်လဲ။

📌 Website link address ( http://lms.moeedu.org) ကို ဝင်ထားလို့ပါ

📌https://lms.moeedu.org ကို ဝင်ပြီးဖြေပါ http ရဲ့နောက်မှာ s ပါတဲ့ link ကနေ ဝင်ဖြေပါ။

 

၁၀။ Web-camera ပွင့်သော်လည်း Black Screen ဖြစ်နေ၍ Attempt နှိပ်မရတဲ့ ဖုန်းအမျိုးအစားတွေ ရှိလား။

📌 Camera ပွင့်သော်လည်း Black Screen ဖြစ်နေ၍ Attempt   နှိပ်မရသည့် ဖုန်းအမျိုးအစားများမှာ Redmi9, Oppo a5s, Redmi 9C, Redmi   note 9pro, Redmi 6a, Xiaomi, iOS တို့ဖြစ်ပါတယ်။

📌 ဖော်ပြပါ ဖုန်းအမျိုးအစားထဲက ဖြစ်နေပါက Browser ပြောင်းဖြေကြည့်ပါ။

📌 Browser ပြောင်းဖြေ၍ မရပါက ဖုန်းပြောင်းပြီးမှ ဖြေရပါမည်။

 

၁၁။  မြန်မာစာဖောင့် အမှန်မပေါ်ရင် ဘယ်လိုလုပ်ရမလဲ။

📌 မိမိဖုန်းရဲ့ Setting မှာ Unicode ပြောင်းရပါမည်။

📌 တစ်ချို့ဖုန်းတွေရဲ့ Setting မှာ Unicode/Zaw Gyi ဆိုပြီး နှစ်မျိုးဖြစ်နေရင် Unicode တစ်မျိုးသာ ထားပေးပါ။

 

၁၂။ အကုန်ဖြေပြီးတာကို ဘာလို့ 0% 50% ပဲပြနေတာလဲ

📌 ဖြေထားတဲ့ အမှတ်ကို တွေ့ရတယ်ဆိုရင် ပြဿနာမရှိပါဘူး။မေးခွန်းကိုဖြေရန်နှိပ်ပါဆိုတဲ့နေရာလေးမှာ Mark as done ဆိုတာလေးကိုနှိပ်လို့ Done လို့ပေါ်ရင် Complete ဆိုတာလေး ပေါ်ပါတယ်။

 

၁၃။  ဖြေပြီးသားမေးခွန်းအစုံရဲ့ အမှတ်ကို ဘယ်နေရာမှာ ကြည့်ရမလဲ။

📌 Moodle site ရဲ့ ညာဘက်အပေါ်ထောင့်နားမှာ Profile ဆိုတာ ရှိပါတယ်။ Profile အောက်မှာ Grade ကိုနှိပ်ပြီး အမှတ်ပြန်ကြည့်နိုင်ပါတယ်။

 

၁၄။ ဖြေထားတဲ့အမှတ်တွေကို မမြင်ရတာက ဘာဖြစ်တာလဲ။

📌 အင်တာနက်လိုင်းကိုစစ်ပါ။ VPN ဖြုတ်ပါ။ Refresh လုပ်ပြီးပြန်၀င်ကြည့်ပါ။ အမှတ်က Profile ရဲ့ Grade မှာလည်းကြည့်လို့ရပါတယ်။

📌 လိုင်းအခြေအနေကြောင့်လည်းဖြစ်နိုင်ပါတယ်။ Sample Test မှာ နှစ်ကြိမ်ထက်ပိုဖြေတဲ့ အမှတ်တွေက Override တွေဖြစ်တတ်ပါတယ်။

📌 System ထဲမှာသိမ်းထားပြီးဖြစ်တဲ့အတွက် ပြန်ဖြေစရာမလိုပါ။ Result များမပျောက်နိုင်ပါ။

 

၁၅။ အသိအမှတ်ပြုအသိအမှတ်ပြုလက်မှတ်ကရော ဘယ်တော့ရမလဲ။

📌 ပထမအကြိမ်နှင့် ဒုတိယအကြိမ် ၂ ကြိမ်လုံးဖြေပြီးချိန် ရလဒ်များကို စိစစ်၍ ထုတ်ပေးရန် စီစဉ်မည်ဖြစ်ပါသည်။ ထုတ်ယူလို့ ရနိုင်ပါက ကြေညာပေးပါမည်။


Last modified: Monday, 31 July 2023, 2:21 AM