• ၂၀၂ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း)

    နှင့်စပ်လျဉ်း၍  ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ဖြေဆိုခြင်းဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူသို့ အသိပေးတင်ပြခြင်း

    ၁။    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက် ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ဆုံးအကြိမ် ကျင်းပမည်ဖြစ်ရာ “၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း” အစီအစဉ်တွင် မိမိတို့ဖြေဆိုလိုသော ဘာသာတွဲအလိုက် ပါဝင်ဖြေဆိုခွင့်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့မှစ၍ နိုဝင်ဘာလ (၃) ရက်နေ့အထိ လျှောက်ထားနိုင်သည်။
    ၂။     ၂၀၂၄ ခုနှစ် အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) တွင် အောက်ပါကျောင်းသားကျောင်းသူများ ပါဝင်ဖြေဆိုနိုင်သည်။
    (က)    စစ်အာဏာမသိမ်းခင် အခြေခံပညာနဝမတန်း (စနစ်ဟောင်း) သို့မဟုတ် နည်းပညာ အထက်တန်းကျောင်း ပထမနှစ်တက်ရောက်ဖူးပြီး ၂၀၂၃ ခုနှစ် အခြေခံပညာ ပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုခဲ့ခြင်းမပြုရသေးသူများ
    (ခ)    ၂၀၂၃ ခုနှစ် အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဖြေဆိုမှုရလဒ်သည် အဆင့်မြင့်ပညာ သို့မဟုတ် သက်မွေးပညာဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ၏ ဝင်ခွင့် သတ်မှတ်ချက်များနှင့် မပြည့်မီသော ဘာသာရပ်များရှိသောကြောင့် ပြန်လည် ဖြေဆိုလိုသူများ (မှတ်ချက်- မိမိဖြေဆိုလိုသော ဘာသာရပ်များကိုသာ ရွေးချယ် ဖြေဆိုနိုင်ပါသည်။)
    (ဂ)    ၂၀၂၃ ခုနှစ် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုစဉ် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်မကိုက်ညီသောကြောင့် ဖြေဆိုမှုရလဒ် ပယ်ဖျက်ခံရသူများ
    (အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းသည် တရားမဝင်စစ်ကောင်စီက ကျင်းပသော ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဆိုခဲ့သူများနှင့် တရားမဝင် စစ်ကောင်စီ၏ စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရန် (လုံးဝ) အစီအစဉ်မရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်သဖြင့် အဆိုပါ ပြည်သူနှင့်အတူ ရပ်တည် သည့် ကျောင်းသား၊ ကျောင်းသူများသာ လျှောက်ထားခွင့် ရှိပါသည်။ သို့သော် စစ်တမ်းကောက်ယူမှုရလဒ်များအရ နယ်မြေစိုးမိုးမှုရရှိသော လွတ်မြောက်နယ်မြေဒေသများရှိ ပညာရေးအဖွဲ့အစည်းများ၏ သတ်မှတ်ချက်နှင့်ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများ ရှိပါက သက်ဆိုင်ရာပညာရေး အဖွဲ့အစည်းများမှတဆင့် လျှောက်ထားနိုင်ပါသည်။)
    ၃။     ၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းတွင် ပါဝင်ဖြေဆိုခွင့်ကို အွန်လိုင်းဖြင့် လျှောက်လွှာပုံစံဖြည့်သွင်း၍ ကိုယ်တိုင်လျှောက်ထားနိုင်သည်။ မည်သည့် အခကြေးငွေမျှ ပေးဆောင်ရန် မလိုအပ်ပါ။
    (လျှောက်လွှာပုံစံဖြည့်သွင်းနည်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ၏ Website ၊ တရားဝင်လူမှုကွန်ရက် စာမျက်နှာများ၊ Channels များ၊ သတင်းမီဒီယာများအပြင် ကြားကာလအခြေခံပညာရေးအဖွဲ့အစည်းများထံသို့ အချိန်မီ စဉ်ဆက်မပြတ်ပေးပို့ အသိပေး ကြေညာပေးသွားမည် ဖြစ်ပါသည်။) 
    ၄။     အင်တာနက်ပြတ်တောက်နေ၍ အခက်အခဲရှိသော နယ်မြေဒေသများတွင် ပညာရေးဘုတ်အဖွဲ့ များမှတဆင့် (မည်သည့် အခကြေးငွေမျှ ပေးဆောင်ရန် မလိုအပ်ဘဲ) လျှောက်ထားနိုင်သည်။
    ၅။     ၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို နိုင်ငံတစ်ဝန်း       တစ်ပြိုင်နက်ဖြေဆိုရသည့်စနစ်အစား စစ်ဆေးအကဲဖြတ်ကာလကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ သတ်မှတ်ပေးထားပါသည်။
    ၆။     လက်ရှိကာလတွင် အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ကျောင်းသားကျောင်းသူ များ အဆင်ပြေစေရေးအတွက် အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းကို 
             (က)    အွန်လိုင်း ဖြေဆိုစေခြင်း
             (ခ)    အွန်လိုင်းအခက်အခဲရှိသည့် နယ်မြေစိုးမိုးမှုရရှိပြီး လုံခြုံရေးအာမခံချက်ရှိသော ဒေသများတွင် offline assessment application အသုံးပြု၍ ဖြေဆိုစေခြင်းများ ဆောင်ရွက်မည် ဖြစ်သည်။
    (မှတ်ချက် - အွန်လိုင်းလျှောက်ထားသူများသည် အွန်လိုင်းတွင်ဖြေဆိုရမည်ဖြစ်ပြီး offline ဖြေဆိုမည့်သူများက လျှောက်ထားသည့် offline ဖြင့်သာ ဖြေဆိုရမည်ဖြစ်ပါသည်။)
    ၇။    အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းသည် အလွတ်ကျက်မှတ်မှုကို အားပေး သည့် မေးခွန်းများအစား ကျောင်းသားကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာ - 
            (က)    သိရှိနားလည်သဘောပေါက်မှု (knowledge and understanding) 
            (ခ)    ခွဲခြမ်းစိတ်ဖြာ သုံးသပ်၍ အသုံးချနိုင်မှု (applications and analysis) 
            (ဂ)    လက်တွေ့ဘဝနှင့် ဆက်စပ်ပြီး ပြဿနာများကို တီထွင်ဖန်တီးဖြေရှင်းနိုင်မှု (creative problem-solving) တို့ကို စစ်ဆေး အကဲဖြတ်သွားမည် ဖြစ်သည်။
    ၈။    မေးခွန်းလွှာတစ်ခုစီအတွက် ဖြေဆိုချိန် (၂) နာရီ ခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံတကာစစ်ဆေး အကဲဖြတ်မှုပုံစံများအတိုင်း စဉ်းစားတွေးခေါ်မှုကို အခြေပြုပြီး ခွဲခြမ်းစိတ်ဖြာ ဖြေဆိုရသည့် ဓမ္မဓိဋ္ဌာန် မေးခွန်းအမျိုးအစားများ (objective type items) ပါဝင်မည်ဖြစ်သည်။ 
    ၉။    စစ်ဆေးအကဲဖြတ်မှုရလဒ်များကို ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်အပေါ် အခြေပြုသည့် ရလဒ်အဆင့်များ (Grading) ဖြင့် ထုတ်ပြန် ပေးမည်ဖြစ်ပါသည်။
    ၁၀။    သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းကို ဖြေဆိုမည့် သူများအနေဖြင့် ဒသမတန်း (စနစ်ဟောင်း) သင်ခန်းစာများကို ကောင်းစွာ လေ့လာထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
    ၁၁။    ၂၀၂၄ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) ကျင်းပပြီးနောက်ပိုင်းတွင် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း - Grade 12) ကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ရာ ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ သီးခြားသတင်းအချက်အလက် ထုတ်ပြန်ပေးသွားပါမည်။
    ပညာရေးဝန်ကြီးဌာန
    အမျိုးသားညီညွတ်ရေးအစိုးရ
     

Site announcements

🙏 Welcome to the brand new BECA Site 🙏

by Teacher Ei -

🙏 Welcome to the brand new BECA Site 🙏

We are very excited to announce that the BECA exam site has been successfully upgraded and enhanced with latest technologies for your education journey.